Main menu

လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Powered by Drupal

           ၃၁.၃.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်း(၃၆) ဦး တက်ရောက်ခဲ့ကြသည်။

    ပထမဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် သင်္ကြန်ကာလနီးကပ်လာသဖြင့် ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်ဂျူတီများကို ပျက်ကွက်မှုမရှိစေရေး၊ လုံခြုံရေးအထူးဂရုပြုရေး၊ အသစ်ခန့်အပ်သော ဝန်ထမ်းများအား တာဝန်ချထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောဝန်ထမ်းများမှ ၎င်းတို့၏အခက်အခဲများကို တင်ပြခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီမြှင့်ခြင်း၊ တစ်ဆင့်မြှင့်ရာထူးသို့ တိုးမြှင့်ခြင်းခံရသော ဝန်ထမ်းများအား အဆင့်တံဆိပ်တပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)