Main menu

မန္တလေးမြို့၌ ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံသဘောထားရယူ ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

    ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ခန်းမ၌ ၇.၄.၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ၊  သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးကဏ္ဍတွင် ပါဝင်သည့် အသင်းဥက္ကဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က  ဆန်စပါးဥပဒေ(မူကြမ်း)အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ခြင်း၊ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်းနှင့် ဆွေနွေးပွဲရလဒ် ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား (၁၂:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)