ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၃.၄.၂၀၂၃) ရက်နေ့တွင် ပန်းတနော်မြို့နယ် ကောင်းမြတ်ချမ်းသာ ဆီစက်လုပ်ငန်းသို့ (၁၁:၀၀)အချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆီစက်လုပ်ငန်းရှင်ကို တွေ့ဆုံ၍ ဆီကြိတ်ခွဲမှုလုပ်ငန်းအား ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီး၊ ဆီတစ်နေ့ကြိတ်ခွဲမှုနှင့် ဆီထွက်ရှိမှုအခြေအနေ၊ မြေပဲကုန်ကြမ်း၊ နေကြာကုန်ကြမ်းဝယ်ယူမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ထွက်ရှိလာသောဆီများကို ရောင်းဝယ်တင်ပို့မှု အခြေအနေများကို မေးမြန်းပြီးနောက် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အမျိုးအစားအလိုက် သတ်မှတ်ချက်များဖော်ပြပါဝင်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)