ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၃.၄.၂၀၂၃) ရက်နေ့၊(၁၀:၃၀) အချိန်တွင် မအူပင်မြို့နယ် ထန်းပင်ကွေ့အရှေ့ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူ(၂၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ပြည်သူအသိပညာပေး ဟောပြောရာတွင် မြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိပြီး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအနေဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် လည်းကောင်း စားသုံးသူကာကွယ်ရေးကိစ္စရပ်များကို သိရှိလိုခြင်း၊ တိုင်ကြားလိုခြင်းများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Call Center (၁၅၃၅) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းတို့အား အသိပညာပေး ဟောပြောဆွေးနွေးကာ ပြည်သူများ၏ သိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)