Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စက်သုံးဆီအရောင်းဆိုင်အား LED မီးဖြင့် ဆီဈေးနှုန်း ဖော်ပြထားခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၃.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက ဝါးခယ်မမြို့နယ် စက်သုံးဆီအရောင်းဆိုင်အား  LED မီးဖြင့် ဆီဈေးနှုန်း ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင်   မြို့နယ်တာဝန်ခံက စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စက်သုံးဆီအရောင်းဆိုင်အား  LED မီးဖြင့် ဆီဈေးနှုန်းဖော်ပြသည့်ဆိုင်းဘုတ်များ တပ်ဆင်ထားရန်နှင့် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရန်၊ အသိပညာပေး‌ဟောပြောကာ တရားမဝင်သွင်းကုန်စက်သုံးဆီ၊ ချောဆီများအား တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့် စစ်ဆေးနေပါကြောင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက်ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများကောက်ယူနေကြောင်း လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက  အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန် ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းမပြုရန်၊ ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်တို့အား  စက်သုံးဆီလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)