Main menu

ကရင်ပြည်နယ်၊ဘားအံမြို့ နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးတက်ရောက်ခြင်း

Powered by Drupal

     ၆--၂၀၂၃ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် (၂၀--၂၀၂၃မှ ၆--၂၀၂၃) ရက်နေ့ အထိ အားကစားနည်း(၁၂)နည်း သင်တန်းသား(၆၁)ဦးတို့ဖြင့် ဘားအံမြို့ပေါ်တွင် ဖွင့်လှစ်ခဲ့သည့်  ကရင်ပြည်နယ်၊ ဘားအံမြို့၊ နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို  ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းများအလိုက် သင်ကြားပို့ချပေးခဲ့သည့် လေ့ကျင့်ခန်းများသည် အခြေခံလေ့ကျင့်မှုများသာဖြစ်သည့်အတွက် မိမိတို့စိတ်ပါဝင်စားပြီး စိတ်အားထက်သန်တဲ့အားကစားနည်းများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်ပါက ထူးချွန်သောအားကစားသမားကောင်းများဖြစ်လာအောင် ဆက်လက်လေ့လာလိုက်စား ကစားသွားကြရန် လိုအပ်ကြောင်း၊ ကရင်ပြည်နယ်နှင့်နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် ထူးချွန်ထက်မြက်သူများအဖြစ် ပြုစုပျိုးထောင် သွားကြရန်တိုက်တွန်းလိုကြောင်းတို့အား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဗိုလ်မှူးကြီးခင်ဇော်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးဆန်းကို၊  ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အတွင်းရေးမှူးဦးကျော်စိုးတို့က အားကစားနည်းအလိုက် သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာသရေးရာ ဝန်ကြီးဦးဇော်ဝင်တို့က အားကစားနည်းအလိုက် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြင့်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစီုးလွင်က သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြင့်ခဲ့ပါသည်။ ထိုနောက် ကရာတေးတိုအဖွဲ့နှင့် မြန်မာ့သိုင်းအဖွဲ့တို့က သရုပ်ပြသခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်းနှင့် ထိုအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်း()ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)