Main menu

တောင်ငူခရိုင်အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူတို့သည် (၅.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ နတ်သျှင်နောင်ရပ်ကွက်ရှိ မြတ်မုန့်မျိုးစုံ လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်သူ ဦးမြတ်သီဟနှင့် ‌တွေ့ဆုံဆွေးနွေးပြီး ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      မြတ်မုန့်မျိုးစုံလုပ်ငန်းသည် မြတ်အမှတ်တံဆိပ်ဖြင့် ပဲဖယုံမုန့်၊ ဖယုံမုန့်၊ ဒူးရင်းပဲလမုန့်၊ နာနတ်လမုန့်၊ ပဲမုန့်၊ ပဲအံစာမုန့်နှင့် ပဲလမုန့်စသည့် အသင့်စားမုန့်(၇)မျိုးကို ထုတ်လုပ်ပြီး ဒေသတွင်း အတော်အသင့်အောင်မြင်နေသည့် MSMEs လုပ်ငန်းဖြစ်ပါသည်။ ခရိုင်ဦးစီးမှူးက ဈေးကွက်သို့ ဖြန့်ဖြူးခြင်းမပြုမီ စားသုံးသူများ ထိခိုက်နစ်နာမှုများမရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ စားသုံး သူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

    ထို့အတူ ယင်းနေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံ ဒေါ်သန္တစိုးသည် ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ထန်းကုန်းလမ်းရှိ ပါရမီ ထင်းအစားထိုး လောင်စာတောင့်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်လေ့လာပြီး လုပ်ငန်းရှင်ဦးအောင်ဖြိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြသပါ သည်။

   ပါရမီ ထင်းအစားထိုးလောင်စာတောင့် ထုတ်လုပ်ရေးလုပ်ငန်းသည် ၎င်းတို့မိသားစုပိုင် ပါရမီဆန်စက်မှစပါးခွံများဖြင့် လောင်စာတောင့်များကိုထုတ်လုပ်ခြင်းဖြစ်ပြီး တစ်နေ့လျှင် လုပ်သား ၆ ဦးဖြင့် လောင်စာတောင့် ပိဿာ ၆၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)