စားသုံးသူရေးရာဉီးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် (၆.၄.၂၀၂၃)ရက်နေ့၊ နံနက်တွင် ရေတာရှည်မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၃ တို့တွင် ကုန်စည်များ၌ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် လုပ်ငန်းရှင်များ လွယ်ကူစွာဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ ထုတ်ပြန်ခဲ့ခြင်းကို လိုက်နာရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများအနေဖြင့် ကုန်စည်များအပေါ် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စိစစ်အရေးယူမည့် ဦးစားပေးအလိုက် ရွေးချယ်ထားသည့် ကုန်စည်အမျိုးအစားများအား စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ၊ သို့ဖြစ်ပါ၍ မိမိခရိုင်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းရှင်များက မိမိလုပ်ငန်းမှ ထုတ်လုပ်သည့် စားသောက်ကုန်အပါအဝင် ကုန်စည်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား ထည့်သွင်းဖော်ပြရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)