Main menu

ပဲခူးဈေးကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ဆေးဝါးများရောင်းချစေရေးအတွက် ဈေးကွက်‌စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မဈေးအတွင်း ရောင်းချနေသော အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်း ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၅.၄.၂၀၂၃ ရက်နေ့တွင် ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ပဲခူးဈေးကြီးအတွင်း ရောင်းချ‌နေသော ဒေါ်ဆွေဆွေခိုင်ဈေးဆိုင်မှ ပဲသွေးများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ နမူနာကောက်ယူ စစ်ဆေးခဲ့ရာတွင်  ဖော်မလင်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ပဲသွေး(၅၀) ကျပ်သားပါ (၁၄) ခုအား အဖွဲ့မှ သိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)