မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး တန်ခူးလသည် သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ တန်ခူးလသည် မြန်မာပြက္ခဒိန်အရ အတာသင်္ကြန်ရေပတာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ ပိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ရေးသားခြင်းဖြစ်ပြီး တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်ပြီး တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏ ကံ့ကော်ပန်း သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။
တန်ခူးလတွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့မပါသွားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရေပက်ကစားခြင်းကို ရိုးရာပွဲတော်အနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ကြပြီး ဆက်နွယ်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ပွဲတော်၊ လာအိုနှစ်သစ်ကူး၊ ကမ္ဘောဒီးယားနှစ်သစ်ကူးရက်များအဖြစ် ကျင်းပလေ့ရှိကြောင်း သိရသည်၊၊ မြန်မာနိုင်ငံတွင် (တန်ခူးလ)သင်္ကြန်ကာလအား ရုံးပိတ်ရက်ရှည် အားလပ်ရက်အဖြစ် အစိုးရမှ ရုံးပိတ်ရက်သတ်မှတ်ပေးပြီး တရားဘာဝနာပွားများခြင်း၊ သက်ကြီးရွယ်အိုတို့အား ကန်တော့ခြင်းနှင့် စတုဒီသာမုန့်များပြုလုပ်လှူဒါန်းခြင်းများ ကျင်းပပြုလုပ်ကြပါသည်။ မြန်မာနိုင်ငံတွင် တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပြီး သင်္ကြန်ပွဲတော်အား ခရစ်နှစ် ဧပြီ ၁၃ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပလေ့ရှိကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၁၃၈၄ ခုနှစ် မဟာအတာသင်္ကြန် ပွဲတော် (၁၃-၄-၂၀၂၃) ရက်နေ့ သင်္ကြန်အကြိုနေ့တွင် မုန့်လုံးရေပေါ်ပြုလုပ်၍ အလှူဒါနပြုလုပ်ခြင်း၊ ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးမဏ္ဍပ်မှ သင်္ကြန်အကျနေ့ ၁၄-၄-၂၀၂၃ ရက်နေ့တွင် သင်္ကြန်ထမင်း အလှူဒါနပြုရာ၌ လုပ်အားဒါနပြုလုပ်ဆောင်ရွက်ခြင်း၊ သင်္ကြန်အကြတ်နေ့ ၁၅-၄-၂၀၂၃ ရက်နေ့၌ အဖွဲ့ခေါင်းဆောင်တာဝန်ယူ၍ ရွှေရင်အေးမုန့် ဒါနပြုခြင်း၊ သင်္ကြန်အတက်နေ့ ၁၆-၄-၂၀၂၃ ရက်နေ့၌ သာခွေယိုင်မုန့် ဒါနပြုခြင်းများနှင့် သင်္ကြန်မဏ္ဍပ်စည်ကားသိုက်မြိုက်စေရေး၊ ရေကစားသူများ ဘေးအန္တရာယ်ကင်းရှင်း၍ ပျော်ရွင်ချမ်မြေ့စွာ ရေးကစားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
DOCA(ကရင်)