စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်း(၂)ဦးတို့သည် (၆.၄.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့နယ်၊ မကျီးကန်ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ” ဆောင်ပုဒ်နှင့်အညီ မျှော်မှန်းချက်ထားလုပ်ဆောင်လျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ရရှိနိုင်မည့် အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများနှင့် Internet, Mobile Applicationတွင် ဝင်ရောက်တိုင်ကြားပုံ Consumer Call No. 1535 အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်ပုံတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မကျီးကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထွန်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပြည်သူ(၃၀)ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)