Main menu

တောင်တွင်းကြီးမြို့ပေါ်ရှိစတိုးဆိုင်များ၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့နယ် တာဝန်ခံဒေါ်ဌေးဌေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၄.၄.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ စတိုးဆိုင်များသို့ သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ၌ ရောင်းချသောဆေးဝါးများကို အဆမတန်စျေးမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် မုန့်မျိုးစုံနှင့် အချိုရည်များအား ကုန်အမှတ်တံဆိပ်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြ ထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်များ ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုင်ခန်းစျေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာကြစေရန်တို့အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)