Main menu

အမှတ်(၁)ရပ်ကွက်၊ ဘားအံမြို့၊ ဆေးဝါးအရောင်းဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ထောက်ခံချက် မပါရှိဘဲ Parbisure ဆေးရောင်းချနေမှု ရှိ/ မရှိအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၃-၄-၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ဘားအံမြို့၊ ဆေးအရောင်းဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ထောက်ခံချက် မပါရှိဘဲ Parbisure အမှတ်တံဆိပ်ဆေးရောင်းချနေမှု ရှိ/ မရှိကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက် မပါရှိဘဲ Parbisure အမှတ်တံဆိပ်ဆေးရောင်းချနေမှု မတွေ့ရှိရဘဲ Pabrinex အမှတ်တံဆိပ် အကြောအားဆေးသာ တွေ့ရှိရပါကြောင်း သတင်းရရှိသည်။

DOCA(ကရင်)