(၄-၄-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အမှတ်(၁)စံပြဈေး(ရေပေါ်ဈေး)၊ ဘားအံမြို့တွင် ကရင်ပြည်နယ်၊ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချသည့် စားသုံးဆီများအား ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကရင်ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီလက်လီအရောင်းဈေးကို ဆီတစ်ဘူးလျှင် ၅၄၀၀ ကျပ် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)