Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု (Thursday Talk) ဆွေးနွေးခြင်း ကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၂၀-၄-၂၀၂၃ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး ဦးဆောင်၍ ပြည်နယ်ရုံးရှိ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများနှင့်အတူ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု (Thursday Talk) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

      အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုလည်းကောင်း၊ ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန်၊ စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရန်အတွက် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ကိုလည်း ဖွင့်လှစ်ထားလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုနှင့် ကြုံတွေ့လာပါက စားသုံးသူတိုင်ကြားမှုများအပေါ် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများကို ကုန်စည်နှင့် ဝန်ဆောင်မှု အမျိုးအစားအလိုက် အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ပြီး ယခုအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးပါ ဝန်ထမ်းစုစုပေါင်း (၁၄) ဦး တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားကို (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)