Main menu

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၃/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၆.၄.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၃/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၈) ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းဖော်ပြရန် ဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသဖြင့် ဝန်ထမ်းများအားလုံး သိရှိထားရန် လိုအပ်ကြောင်း၊  စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်ဖြစ်သည့် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များ၏ အဓိကအခန်းကဏ္ဍဖြစ်သည့် ကုန်စည်တစ်ခု ထုတ်လုပ်ရာတွင် အခန်း (၁၈)၊ ပုဒ်မ ၄၁ ထဲမှ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပုဒ်မ ၄၂ အကြောင်း၊ ပုဒ်မ ၄၃ အကြောင်း၊ ပုဒ်မ ၆၇ အကြောင်း၊ ပုဒ်မ ၆၈ အကြောင်း၊ ပုဒ်မ ၇၃ ထဲမှ စီးပွားရေး လုပ်ငန်းရှင် မည်သူမဆို ပုဒ်မ ၆၇ နှင့် ၆၈ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အကြောင်းနှင့် ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)