Main menu

ကလေးခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန်အတွက် ( ၃/၂၀၂၃ ) ကြိမ်မြောက် Thursday Talk ကျင်းပဆောင်ရွက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ( ၆.၄.၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန်နှင့် ရုံးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းတစ်ဦးခြင်းအလိုက် လုပ်ငန်းများ တတ်မြောက်စေရန် ရည်ရွယ်၍ ( ၃/၂၀၂၃ ) ကြိမ်မြောက် Tursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ရာတွင် ကလေးခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း ( ၇ )ဦး တက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံရေးရာဌာနခွဲမှ  ဦးမန်လမ့်တွန် ( ဒု-ဦးစီးမှူး )မှ ရုံးလုပ်ငန်းများ စစ်ဆေးခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသုံးပြုနည်း ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ Thursday Talk အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းခဲ့ကြပြီး  ဦးမန်လမ့်တွန်( ဒု-ဦးစီးမှူး )မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)