စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ(အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်သည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စာသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ် ဖွင့်ဆိုချက် စားသုံသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန် ၊ ကုန်စည် ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန၏အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page တွင် DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) တွင်လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်သည့် www.doca.gov.mm တွင် လည်းကောင်း ၊ MPT ၊mytel ၊ Telenor ၊ Oredoo စသည့် SIM Card များဖြင့်လည်း Call Center No. 1535 တို့တွင် တိုင်ကြားနိုင်ပါကြောင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်း(၈)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)