Main menu

ပန်းတနော် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီရောင်းချမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၇.၄.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင်သို့ ကွင်းဆင်း၍  စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချခြင်း ရှိ/ မရှိနှင့် စက်သုံးဆီဆိုင်များတွင် LED ဆိုင်းဘုတ်တပ်ဆင်၍ ရောင်းချခြင်း ရှိ/ မရှိတို့ကို ဆီဆိုင်များစစ်ဆေးရာ ယနေ့ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်း ဓါတ်ဆီ 92 တစ်ဂါလံ လက်ကားဈေး(၉၇၂၈)ကျပ်၊ လက်လီဈေး(၉၇၂၈)ကျပ်ဖြင့်လည်းကောင်း၊ ဒီဇယ် တစ်ဂါလံဈေး(၉၅၂၃) ဖြင့် ရောင်းချလျက်ရှိကြောင်း ယနေ့(၄.၄.၂၀၂၃) ရက်နေ့ ရည်ညွှန်းဈေးအနေဖြင့် (92)Ron တစ်လီတာ ဈေး(၂၂၈၅)ကျပ်၊ (95)Ron တစ်လီတာဈေး(၂၃၄၀)ကျပ်၊ HSD(500)ppm (၂၁၉၅)ကျပ်၊ ဖြင့်သာ ရောင်းချ လျက်ရှိပါကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ကုမ္ပဏီများက မှာယူထားသော စက်သုံးဆီဘောက်စာကားများ ကြန်ကြာမှုမရှိစေရေး အချိန်မီရောက်ရှိစေရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကူညီချိတ်ဆက်ဆောင်ရွက်ရန်နှင့် မိမိတို့ရောင်း ချနေသော ကုန်စည်များ အလေး၊ အချိန်အတွယ်ပြည်ဝစွာရောင်းချကြရန် ဆီဆိုင်လုပ်ငန်းရှင်များသိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)