Main menu

စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၇.၄.၂၀၂၃) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စက်သုံးဆီအရောင်းဆိုင် (၁၀)ဆိုင်သို့ သွားရောက်၍ ပြည်သူများ စက်သုံးဆီဝယ်ယူမှု သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည်  စက်သုံးဆီဆိုင်များတွင် LED ဆိုင်းဘုတ်တပ်ဆင်၍ ရောင်းချစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချစေရေး၊ စက်သုံးဆီအရည်အသွေးပြည်မီရေး၊ အလေးချိန်အတွယ် ပြည့်မီမှန်ကန်စေရေး၊ ခွဲဝေရရှိသော ခွဲတမ်းများအတိုင်း အပြည့်အဝရောင်းချပေးရေး၊ ဆီသိုလှောင်ထားခြင်းမပြုကြစေရေး၊ နေ့စဉ်သတ်မှတ်ဈေးရည်ညွှန်ဈေးအတိုင်းရောင်းချစေရေး၊ နေ့စဉ်ဈေးနှုန်းများကို ဝယ်ယူသူအများပြည်သူသိရှိနိုင်စေရန် LEDဆိုင်းဘုတ်များတပ်ဆင်၍ ရောင်းချသွားစေရေး၊ မအူပင်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ကုမ္ပဏီများမှ တင်ပို့သယ်ဆောင်လာသော ဆီဘောက်ဆာကားများ အချိန်မီရောက်ရှိစေရေးတို့အတွက် လိုအပ်ပါက ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ကြပါရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)