Main menu

ခရမ်းမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူများအတွက် စားသုံးသူအသိပညာပေး(Talk Show) ကျင်းပခြင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူများအတွက် စားသုံးသူအသိပညာပေး (Talk Show) ကို ယနေ့ နံနက် ( ၁၁ : ၀၀ ) နာရီချိန်တွင် လူထု   အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် အသိပညာပေး စကားဝိုင်း (Talk Show) ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ ခရမ်းမြို့နယ်၊ စားသုံးသူရေးရာဦးစီဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် မှလည်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကုန်အညွှန်း အမှတ်သားဖေါ်ပြခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့ပါသည်။

DOCA(ရန်ကုန်)