Main menu

သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံသည် ၇.၄.၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်၍ ကြီးမှူးဖွင့်လှစ်သော သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် လုပ်ငန်းရှင် (၁၅)ဦးအား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

      အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လူတိုင်းသိသင့်သည့် အ‌ရေးကြီးသည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ဖော်ပြပေးရန် ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၂၉ ဖြင့် ညွှန်ကြားထားပြီးဖြစ်သဖြင့် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများသို့ တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)