Main menu

ကရင်ပြည်နယ် စားသုံးဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိသည် ၂၁-၄-၂၀၂၃ ရက်နေ့ ၁၁၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည် နယ် ဦးစီးမှူးရုံး၌ ကရင်ပြည်နယ် စားသုံးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝေလင်းအောင်နှင့်  တွေ့ဆုံ၍ စားသုံးဆီ ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထို့သို့ဆွေးနွေးရာတွင် ကရင်ပြည်နယ် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပေါင်းစပ်၍ ကရင်ပြည်နယ်အတွင်း စားသုံးဆီဖြန့်ဖြူး ရောင်းချ နေမှုအခြေများ၊ ဒေသတွင်းစားသုံးဆီဖူလုံ ပိုလျှံစေရေးအတွက် အသင်းနှင့် ဌာနမှ ပေါင်းစပ်၍ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းလာစေရေး နှင့် သင်းဖွဲ့စည်းမျဉ်း ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

  ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံစေရေး၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ် ချရမှု ရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီ များ စားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေးနှင့် စားသုံးဆီကဏ္ဍဖွံဖြိုးတိုး တက်စေရေးအတွက် ကရင်ပြည်နယ် စားသုံးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကို ၁-၅-၂၀၂၂ ရက်နေ့တွင် အသင်းအဖွဲ့ဦးရေ ၁၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် နိုင်ငံတော်မှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများကို ဈေးကား ၂ စီးဖြင့် တစ်ရက်လျှင် ၁၃၂၀ ပိဿာခန့် ကို သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)