Main menu

၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

Powered by Drupal

      ကရင်ပြည်နယ်၊ ဘားအံခရိုင်၏၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ၂၁-၄-၂၀၂၃ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

       ဘားအံခရိုင်၏၂၀၂၃၂-၂၀၂၄ ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ် ( ၅ ) ရပ်၊ ဦးတည်ချက် (၁၂ ) ရပ် ၊ ပြည်နယ်၏ ရှေ့လုပ်ငန်းစဉ်များအညီ ခရိုင်၏ ဒေသဖွံ့ဖြိုးရေးကို  အထောက်အကူ ပြုစေရေး၊ သာယာဝပြောရေးနှင့် စားရေးရိက္ခာ ဖူလုံရေး၊ ပြည်သူ့လူမှု ဘဝတိုးတက်စေရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် မျှော်မှန်းရေးဆွဲဆောင်ရွက်ထားခြင်းဖြစ်ကြောင်း  သိရသည်။

   ဘားအံခရိုင်၏၂၀၂၃၂-၂၀၂၄ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်းတွင် ပါဝင်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စီမံကိန်းဆိုင်ရာရည်မှန်းချက်များအား အပြည့်အဝ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများ အလေ့အလွင့်မရှိစေရန်အတွက် သက်ဆိုင်ရာဌာနများမှ ကြိုးပမ်းဆောင်ရွက်ကြရန် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ တိုက်တွန်းပြောကြားခဲ့ပြီး စီမံကိန်းတွင်ပါဝင်သည့် သက်ဆိုင်ရာဌာနများသို့ စီမံကိန်းရည်းမှန်းချက်လွှာများကို ပေးအပ်ခဲ့ကာ အခမ်းအနားကို (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန အပါအဝင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)