Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၂၀.၄.၂၀၂၃ ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့၊ အရှေ့သာစည်ရပ်ကွက်ရှိ လက်လီ၊လက်ကား ဖြန့်ဖြူးရောင်းချလျှက်ရှိ‌သော ငုဝါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Julie’s SUGAR CRACKERS အမှတ်တံဆိပ်ပါ အသင့်စားမုန့်ထုပ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)