Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၂၀.၄.၂၀၂၃ ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ရွှေစက်ရပ်ကွက်အတွင်းရှိ လက်လီ၊လက်ကား ကုန်စုံဆိုင် များသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေ‌ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Magic အမှတ်တံဆိပ်(စင်းဒွစ်ခရင်ခရက်ကာ) အသင့်စား မုန့်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း၌ ဖြန့်ဖြူးရောင်းချရန် ဆွေးနွေးခဲ့ပါ သည်။

DOCA(ကချင်)