Main menu

ဘီးလင်းမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်မှ ဦးစီးမှူး ဦးအောင်ကျော်မင်း (ဦးစီးအရာရှိ)၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀.၄.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အချိုရည်မျိုးစုံ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံတို့မှာ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ၊ ကုန်စည်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို စစ်ဆေးခဲ့ရာ ဘေးအန္တရာယ်ကင်းသော တရားဝင် အချိုရည်များ၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံတို့ကို တွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)