Main menu

သထုံခရိုင်ဦးစီးမှူးမှ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချသူနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        ၂၁.၄.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူ ဒေါ်နီလာခင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ၊ မြန်မာစာကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား ပြည့်စုံစွာဖော်ပြပေးရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းစည်းကမ်းချက်နှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဖြန်းကိရိယာများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၁၉ ဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)