Main menu

ပြည်နယ်ဦးစီးမှူးမှ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

         ၂၀.၄.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ပြည်မြန်မာမုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့အနေဖြင့် MSMEs လုပ်ငန်းရှင်များကို အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခက်အခဲများရှိပါက တင်ပြရန်ဆွေးနွေးခဲ့ပြီး ကုန်ကြမ်းရရှိမှု အခြေအနေ၊ ကုန်ချောထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ထုတ်ကုန်များအပေါ်၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ ပါ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအား ပြည့်စုံစွာဖော်ပြပေးရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)