Main menu

ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

  (၁၉.၄.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းဆီစက်လုပ်ငန်းရှင်(၈)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

 အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးပြီး ဆီစက်ကြိတ်ခွဲထုတ်လုပ်သူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်၊ အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းများ အားကောင်းရှင်သန်စေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေများကို တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြပါသည်။   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် စားသုံးသူကာကွယ်လုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီကြိတ်ခွဲ၊ ရောင်းဝယ်မှု၊ ဈေးကွက် ဈေးနှုန်းအခြေအနေများ၊ ဆီကို မိမိအမှတ်တံဆိပ်ဖြင့် ရောင်းချလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အကြောင်းအရာအသေးစိတ်သိရှိလိုပါက လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)