Main menu

လေးမျက်နှာမြို့ ဆီစက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ မြို့နယ်တာဝန်ခံသည် (၂၀.၄.၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင်  ပန်းတောကြီးကျေးရွာအုပ်စုရှိ ဆီစက်ပိုင်ရှင်နေအိမ်၌ ဆီစက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် တိကျစွာဖော်ပြနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်အနေ ဖြင့်လည်း မိမိတို့ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ရန်နှင့် ထုတ်ကုန်များအပေါ် လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေသည့် လှုပ်ရှားမှုအခန်းကဏ္ဍများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)