ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ (၁၈.၄.၂၀၂၃) ရက်နေ့ နံနက် (၁၀ : ၃၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးဦးအောင်သိန်း ၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကို (စားသုံး/ ထုတ်လုံ) တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် ဓာတ်မြေဩဇာရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အရည်အသွေးမီ ကုန်ပစ္စည်းများ ရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်း ၊ အခန်း(၁၈)ပါ ကုန်အညွန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)