စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမြင့်သူသည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် ဆိပ်ဖူးတောင်ကျေးရွာ ဓမ္မာရုံ၌ ကျေးရွာမှ တောင်သူ လယ်သမားကြီးများနှင့်တွေ့ဆုံပြီး သက်ဆိုင်ရာဌာနများအလိုက် ကျေးရွာလူထု သိသင့်သိထိုက် သည်များကို ဆွေးနွေးပြောကြားပါသည်။
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ တောင်သူလယ်သမားကြီးများအပါအဝင် ကျေးရွာနေပြည်သူအားလုံး မိမိတို့ဝယ်ယူသုံးစွဲသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများသို့ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်၍ တိုင်ကြားမှုပုံစံများ ဖြည့်စွက်၍ဖြစ်စေ တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဆိပ်ဖူးတောင်ကျေးရွာမှ တောင်သူလယ်သမား ၁၂ ဦး တက်ရောက်ကြောင်းနှင့် တက်ရောက်သူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)