Main menu

လက်ပံတန်းမြို့ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှုးရုံး၊ လက်ပံတန်းမြို့တွင် (၁၉.၄.၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မုန့်မျိုးစုံလက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးနေမျိုးအောင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပ‌‌‌ဒေ၊ အခန်း(၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ထုတ်လုပ်ရက် ၊ ကုန်ဆုံးရက်များ ပြည့်စုံစွာ ဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်တို့အား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

DOCA(ပဲခူး)