စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ အမှတ်(၂)လမ်း၊ ရွှေလယ်ယာဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်သို့ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၂၀.၄.၂၀၂၃) ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းခဲ့ကြောင်း သိရှိရသည်။
လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုက စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းစုံစမ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်အမှတ်တံဆိပ်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပါဝင်မှုအချိုးအစားများ၊ ဥပဒေပါ ဖော်ပြရမည့်အချက်များအား အကျယ်တဝင့်ပြောကြား၍ လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
DOCA(ပဲခူး)