Main menu

တမူးမြို့စော်ဘွား-၈ရပ်ကွက်ရှိ မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ် တာဝန်ခံဦးစွမ်းရည် (ဦးစီးမှူး)သည် ဧပြီလ ( ၂၅ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် စော်ဘွား-၈ရပ်ကွက်ရှိ မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်းကျောင်းသို့  သွားရောက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင်  မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်းကျောင်းမှ သင်တန်းဆရာ ဉီးရွှေသိန်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာန၊  တမူးမြို့နယ်တာဝန်ခံ၊ ဦးစွမ်းရည် (ဦးစီးမှူး)မှ  စားသုံးသူရေးရာဉီးစီးဌာန၏ ဥပဒေစာအုပ်ပါ အခန်း ( ၁၃ ) တွင်ပါရှိသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါ သည်။ ဆွေးနွေးပြောကြားရာတွင် မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်း၏ဝန်ဆောင်မှုနှင့် ပတ်သက်သည့်အချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင်အသိပေးရန်နှင့် မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးရန်နှင့်  မိမိတို့၏ သင်တန်းမှ အာမခံချက်များပေးထားသည့်အတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးများတွင် ( CICC ) စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် အခြားသူများ နစ်နာဆုံးရှုံးစေရန် ရည်ရွယ်၍ တိုင်ကြာမှုမျိုးမဟုတ်ဘဲ မိမိတို့ဘက်မှ အမှန်တစ်ကယ် နစ်နာဆုံးရှုံးမှုများရှိမှသာ တိုင်ကြားနိုင်ပါ ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)