Main menu

အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့တွင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၂၇-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက် ဘားအံမြို့ရှိ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ / မရှိတို့အား ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ငါးမုန့်အရသာ အမှတ်တံဆိပ်အထုပ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ လက်လီ/လက်ကား ရောင်းချနေသောကုန်စုံဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်တွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိသော ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(ကရင်)