Main menu

ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ် တာဝန်ခံဦးသိန်းမောင်သည်၂၀၂၃ခုနှစ်၊ (၂၀.၄.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်တာဝန်ခံ ရုံး၌ အမှတ်(၁)ရပ်ကွက်နေ‌ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က မိမိတို့ဌာန၏  စားသုံးသူရေးရာကာကွယ်ရေးဆောင်ရွက်နေမှုအခြေအနေ စားသုံးသူကာကွယ်ရေး၏ ဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်  တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ တားမြစ်ကုန်စည်နှင့် သုံးစွဲရန်မသင့် သောကုန်စည်များအကြောင်းနှင့် စားသုံးသူများ နစ်နာမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနတွင်  တိုင်ကြားနိုင်ကြောင်း Call  Center  1535 မှ တစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)