ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂၄.၄.၂၀၂၃)ရက်နေ့ မွန်းလွှဲ(၁၃:၀၀)နာရီက မော်ကျွန်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံမှု ရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိရောင်းချနေသော အလှကုန်ဆိုင်(၂)ဆိုင်ရှိ Joy Color နုတ်ခမ်းနီဆိုးဆေးတွင် ကုန်အညွှန်းအမှတ် အသားပြည်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)