ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ (၂၁.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန် တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ အုန်းသီးစိုက်ပျိုးသူတောင်သူ(၆)ဦးအား အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့က တက်ရောက်လာသည့် အုန်းစိုက်ပျိုးသူများအား အုန်းအမျိုးအစားခွဲခြားခြင်း၊ ထုတ်လုပ်ခြင်း၊ အုန်းနှင့်သက်ဆိုင်သည့် ထုတ်ကုန်များ သင်တန်းပေးခြင်းတို့အပြင် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးမည်ဖြစ်ကြောင်း တန်ဖိုးမြင့်အုန်းသီးထုတ်ကုန် ထုတ်လုပ်နိုင်ရေးအတွက် ပြုပြင်ထုတ်လုပ်ခြင်း ကုန်သွယ်မှုပြုနိုင်မှုများအကြောင်းဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရလည်း လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဌာနတွင် တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)