Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အထက(၁)ကျောင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂.၄.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီက  ကျုံမငေးမြို့၊ အထက(၁) ကျောင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များအား၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်၊ သင်တန်းသား/သူများမှ သိရှိလို သည့်မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ သင်တန်းသား /သူ (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)