Main menu

ဒိုက်ဦးမြို့နယ်၌ မိုးစပါးရာသီမှစ၍ ကြဲခင်းစနစ်အစား Seeder စနစ်၊ ပျိုးထောင်စနစ်၊ တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုးသွားနိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စပါးစိုက်တောင်သူများ အထွက်တိုးစေရန်အတွက် မိုးစပါးရာသီမှစ၍ ကြဲခင်းစနစ်အစား Seeder စနစ်၊ ပျိုးထောင်စနစ်၊ တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုးသွားနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအား အပိုင်းလိုက် နယ်မြေခွဲဝေ၍ ကြီးကြပ်ဆောင်ရွက်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် (၂၁.၄.၂၀၂၃) ရက်နေ့ကစတင်၍ သုံးခွကျေးရွာ၊ ပုကိုင်ကျေးရွာ၊ ပနွတ်ကျေးရွာ၊‌ နတ်ကင်းကျေးရွာ၊ ကလိကျေးရွာ၊ ဖအောင်းစုကျေးရွာနှင့် အိမ်ခြေလေးဆယ် ကျေးရွာများ၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေး ခဲ့ကြသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည် ။

DOCA(ပဲခူး)