Main menu

ဒေးဒရဲမြို့  မြို့မဈေး ဈေးသူဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၄)ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊  မြို့မဈေး ဈေးသူဈေးသား များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက် ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေး   ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူတို့၏  အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူ များနစ်နာမှု  ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မှု အခြေအနေများ၊ ရွေးချယ်ဝယ်ယူသင့်သည့် ကုန်စည်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)