Main menu

ဈေးနှုန်းမြင့်တက်ခြင်းမရှိသေးသော မတ်ပဲဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် သင်္ကြန်အပြီး နောက်ရက်မှစ၍  မတ်ပဲများမှာ ပြန်လည်အရောင်းအဝယ် ဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။ ယခု၂၀၂၃ခုနှစ်၊ဧပြီလ (စတုတ္ထပတ်)တွင် ရောင်းဝယ်နေသောဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၆၇၀၀၀-   ၆၈၀၀၀) ကျပ်ဈေး ဖြစ်ကြောင်း သိရပါသည်။

      ယခင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ သိသိသာမြင့်တက်ခဲ့ပြီး ဈေးအမြင့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ၊  ယခုဧပြီလ (တတိယပတ်)တွင် အရောင်းအဝယ် ပြန်လည်ပြုလုပ်ခဲ့ပြီး ဈေးအမြင့်ကို မျှော်မှန်းခဲ့ပါသော်လည်း ထင်ထားသလောက် ဈေးမြင့်တက်ခြင်း မရှိဘဲ ပိဿာ(၂၀) တစ်တင်းလျှင် (၆၇၀၀၀-၆၈၀၀၀) ကျပ်နှုန်း ဖြစ်ခြင်းကြောင့် ပြီးခဲ့သောမတ်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက သိသိသာသာဈေးနှုန်းမြင့်တက်ခြင်းမရှိဘဲ  အနည်းငယ် ဈေးအမြင့်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)