Main menu

လက်လီ၊ လက်ကားဆိုင်များတွင် တရားမဝင်တင်သွင်းလာသော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများအတွက် အန္တရာယ်ရှိကုန်စည်များ၊ စားသုံး/သုံစွဲရန်မသင့်လျော်သောကုန်စည်များ၊  စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရေးနှင့်  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၄.၅.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံရပ်ရှိ ကုန်မျိုးစုံနှင့်စတိုးဆိုင်(၁)ဆိုင်အား ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့က တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် ကုန်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊  သက်တမ်းလွန်သည့်ကုန်စည်များ ရောင်းချမှုရှိ/မရှိ စားသုံးရန်/သုံးစွဲရန်မသင့်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်း တွင်ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများကို အသိပညာပေးဆွေးနွေးပါသည်။ ဆက်လက်၍  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက် ရယူနိုင်ရေးဆောင်ရွက်ကြရန် ၊ တရားမဝင်တင်သွင်းသောကုန်စည်များ ရောင်းချခြင်းမပြုရန်၊ တရားမဝင် တင်သွင်းသောကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေဆုံးရှုံးမှုဖြစ်စေရုံသာမက အဆိုပါကုန်စည်များသည် အရည်အသွေးအာမခံချက်မရှိနိုင်ခြင်း၊ ကုန်စည်အတုများဖြစ်နေနိုင်ခြင်းနှင့် စားသုံးသူပြည်သူများအတွက် ဘေးကင်းလုံခြုံမှုမရှိနိုင်ခြင်းတို့ ဖြစ်စေနိုင်သဖြင့် ရောင်းချခြင်းမပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနက ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center (1535)သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)