Main menu

စစ်ကိုင်းမြို့ပေါ်ရှိ shopping Mallများ၊ လက်လီလက်ကားအရောင်းဆိုင်ကြီးများတွင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီမှူးနှင့် ဝန်ထမ်း(၃)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၅.၅.၂၀၂၃ ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ “ကောင်းစံ”စတိုး၊ “ဆန်းသစ်ဝေ”စတိုး၊ “banner” Mini Mart ဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ တရားမဝင်တင်သွင်းလာသော ကုန်စည်များရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         စစ်ဆေးခဲ့သောဆိုင်ပိုင်ရှင်များအား တရားမဝင်တင်သွင်းလာသော ကုန်စည်များကို ဝယ်ယူရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေအခန်း(၁၈) ပုဒ်မ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန် ခရိုင် ဦးစီးမှူးက အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA( စစ်ကိုင်း)