Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို မေလ ၅ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူထုအခြေ ပြုဗဟိုဌာန Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ကျင်းပပြု လုပ်ခဲ့ကြပါ သည်။

       အဆိုပါဆွေးနွေးမှုးတွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူများ Online shopping မှ ပစ္စည်းများဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းသိရှိလိုပါ၍ ရှင်းလင်းဆွေးနွေးပေးပါရန် ပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းက စားသုံးသူပြည်သူများ Online  မှ ပစ္စည်းများကို လိုအပ်ချက်အရဝယ်ယူကြရာတွင် Online မှ ကြော်ငြာရောင်းချထားသောပစ္စည်းများသည် အမှန်တကယ်လက်ဝယ်ရောက် ရှိလာသောအခါ အရည်အသွေးကွဲလွဲမှုရှိနေတာကို တွေ့ရှိရပြီး၊ ပစ္စည်းမှာ ယူလိုပါက Page Messanger ဖုန်းနံပတ်တို့မှ မှာယူပြီး စားသုံးသူထံငွေကြေးရယူပြီး ဆက်သွယ်၍မရသော အခက်အခဲများကြုံတွေ့နေရတာမျိုး ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ကုန်ပစ္စည်းသတင်း အချက်အလက်များကို ချဲ့ကားဖော်ပြထားခြင်းမျိုးကိုလည်းတွေ့ရှိနေရကြောင်း၊ ကုန်စည်ကို သဘောတူညီထားတဲ့အချိန် အတွင်း အရောက်ပို့ဆောင်နိုင်ခြင်းမျိုး မရှိကြောင်းတွေ့ရှိရပါတယ်၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများရှိပါသောကြောင့် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြား နိုင်ကြောင်း၊  စားသုံးသူ အခွင့်အရေးကို ကိုယ်တိုင်ရယူတက်စေရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာရင် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားခြင်းနှင့်ပတ်သက်၍ အလွယ်တကူတိုင်ကြားနိုင်ရန် (CICC) ဖွင့်လှစ်ထား ကြောင်း၊ DOCA Myanmar Mobile Applicationဖြင့်လည်းကောင်း၊ စားသုံးသူစစ်တမ်း ကောက်ယူမှုအရ ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားမှုနည်းလမ်း လိုအပ်သူများကြောင့် Consumer Call Center 1535 သို့လည်းကောင်း နစ်နာသူကိုယ်တိုင်(သို့မဟုတ်) မိသားစုဝင် အစိုရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့် တိုင်ကြားနိုင်ကြောင်းကို ပြောကြားခဲ့ပြီး၊ စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို သိရှိလေ့လာလိုပါက www.doca.gov.mm.com website တွင်လှုပ်ရှားမှုများကို ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ “စားသုံးသူ‌ရေးရာ” FacebookPage တွင်လည်းဝင်ရောက် လေ့လာနိုင်ကြောင်းကို ဆွေနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)