မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၅-၂၀၂၃ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်း လုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာ့သဘာဝရော်ဘာ အရည်အသွေးစမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းလုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ITQM)