Main menu

ရွှေဘိုမြို့၌ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှုစစ်တမ်းကောက်ယူ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး ဥပဒေကတွန်းအားပေးဆောင်ရွက်သောလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် မဟာဗျူဟာများကိုချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှုစစ်တမ်းကောက်ယူခြင်းကို ၂၀၂၃ခုနှစ်၊မေလ(ဒုတိယပတ်)တွင် ဆောင်ရွက်ခဲ့ပါသည်။

      ရွှေဘိုခရိုင်အနေဖြင့် ရွှေဘိုမြို့ပေါ်နေ စားသုံးသူပြည်သူ(၂)ဦးနှင့် ကျေးလက်နေ စားသုံးသူ ပြည်သူ(၁)ဦး စုစုပေါင်း(၃)ဦးအား လူကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှု စစ်တမ်းကောက်ယူခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)