Main menu

ထုံးအိုင်စံပြကျေးရွာ၊ ထုံးအိုင်စံပြဈေးတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ထုံးအိုင်စံပြကျေးရွာ၊ ထုံးအိုင်စံပြဈေးတွင် လက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းချနေသော ဈေးဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ / မရှိ တို့အား ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးထဲမှ ပူစီမုန်လာဥနီ ပေါင်မုန့်ထုပ်နှင့် ပူစီဂိုလ်ကိတ်မုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ လက်လီ/ လက်ကား ရောင်းချနေ သောကုန်စုံဆိုင်လုပ်ငန်းရှင်များအား  ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံပါဝင်မှုမရှိသော ကုန်စည်များကို မရောင်းချရန် ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ကရင်)